Main menu

၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ ဩဂုတ်လ (ပထမပတ်)မှစ၍ ကြက်သွန်နီဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်အနေဖြင့် ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၂၀၇၅)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၁၈၀၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေးမှာ ကျပ်(၂၃၅၀)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၂၀၀၀)၊ (တတိယပတ်)တွင် အမြင့်ဈေးမှာ ကျပ်(၃၀၀၀)ဖြစ်၍ အနိမ့်ဈေးမှာ ကျပ်(၂၈၀၀)ဖြင့် ဈေးတက်ကာ အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လ(စတုတ္ထပတ်) (၂၈)ရက်နေ့အထိ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးမှာ ကျပ်(၃၂၅၀)၊ အနိမ့်ဈေးမှာ ကျပ်(၂၈၅၀) ဈေးနှုန်းများဖြင့် တရိပ်ရိပ်ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လအတွင်း ကျပ်(၁၀၀၀)ခန့်ဈေးမြင့်တက်လာကြောင်း ဆိပ်ဖြူကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

    ဆိပ်ဖြူကြက်သွန်နီဈေးကွက်အတွင်း ဩဂုတ်လ(တတိယပတ်)မှစတင်ပြီး ပြည်ပအဝယ်လိုက်၍ ကြက်သွန်ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လက်များက ဒေသတွင်းထိဆင်း၍ ကြက်သွန်နီကို တိုက်ရိုက်ဝယ်ယူနေကြောင်း၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ဝယ်ယူနေကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပြည်ပအဝယ်လိုက်၍ ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)ပါ ကြက်သွန်နီတင်ပို့မှုနည်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

     ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့်ကြက်သွန်နီများကို နေ့စဉ် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

    ဩဂုတ်လအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီပျမ်းမျှပိဿာမှာ (၆)သိန်း၊ အိတ်(၂)သောင်း၊ မူဆယ်မြို့သို့ ပိဿာ(၃)သိန်းခန့်၊ အိတ်ရေ(၁)သောင်း၊ မြဝတီမြို့သို့ ပိဿာ(၂)သိန်း၊ အိတ်ရေ(၇)ထောင်၊ မော်လမြိုင်မြို့သို့ ပိဿာ(၃)သိန်းခန့်၊ အိတ်ရေ (၁)သောင်း၊ ပြည်မြို့သို့ ပိဿာ(၁)သိန်းခန့်၊ အိတ်ရေ(၃)ထောင်၊ ပုသိမ်မြို့သို့ ပိဿာ(၁)သိန်းခန့်၊ အိတ်ရေ(၃)ထောင်၊ စုစုပေါင်းကြက်သွန်နီပိဿာ (၁၆)သိန်းခန့်၊ တန်ချိန်(၂၆၁၃)တန်ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရပါသည်။

DOCA(စစ်ကိုင်း)