Main menu

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများအနေဖြင့် မိုးနှမ်းသီးနှံများရိတ်သိမ်းထွက်ရှိချိန်တွင် နှမ်း(၁)တင်းလျှင် ငွေကျပ်(၁၄၀၀၀၀)ခန့်ဖြင့် ရောင်းချနေရသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

   မိမိတို့ဒေသသည် ဆည်/တမံရေ၊ မြေအောက်ရေ၊ ကန်ရေတို့မရရှိသဖြင့် နှစ်စဉ်မိုးရေကိုသာအဓိကထားပြီး စိုက်ပျိုးရသည့်ဒေသဖြစ်ပါကြောင်း၊ မိုးရာသီကာလတွင် နှမ်းသီးနှံကို အဓိကထား၍စိုက်ပျိုးကြပါကြောင်း၊ ယခုနှစ်တွင် နှမ်းသီးနှံကို (၁၅)ဧကစိုက်ပျိုးထားပါကြောင်း၊ (၁)ဧကစိုက်ပျိုးမည်ဆိုလျှင် မျိုးဖိုး၊ ထွန်ယက်ခ၊ စိုက်ခ/ ပျိုးခ၊ အလုပ်သမားခ၊ ရိတ်သိမ်း/ချွေလှေ့ခအပါအဝင် စုစုပေါင်း ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခုနှစ်တွင် စမုံနက်(နှမ်းနက်)နှင့် နှမ်းဖြူမျိုးတို့ကိုစိုက်ပျိုးပါကြောင်း၊ ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသဖြင့် နှမ်း(၁)ဧကလျှင် (၁၀)တင်းခန့်ထွက်ရှိပါကြောင်း၊ ယခင်နှစ်တွင် နှမ်း(၁)တင်းလျှင် ကျပ် (၈၀၀၀၀)ခန့်သာရှိခဲ့ပြီး ယခုနှစ်နှမ်းပေါ်စအချိန်တွင် နှမ်း(၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ခန့်ရှိသဖြင့် ဈေးကောင်းရ၍ နှမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ်၊ မောင်းမကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)