Main menu

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ နှမ်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီးအတွင်း၌ မိုးသီးနှံအနေဖြင့် နှမ်းကိုစိုက်ပျိုးမှုများပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းလည်းရရှိနေကြောင်း နှမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

   ယခင်နှစ်နှမ်းသီးနှံပေါ်စအချိန်တွင် ဈေးနှုန်းလျောကျခဲ့သော်လည်း ယခုနှစ်တွင် ဈေးမြင့်တက်လျက်ရှိပြီး နှမ်းမှာအက်ဆစ်ပါဝင်မှု၊ နှမ်းရုပ်လှမှု စသည့်ပစ္စည်းအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်းနှင့် ကုန်သည်များကလည်း ပစ္စည်းကောင်းမှသာလျှင် ဝယ်ယူကြကြောင်းသိရပါသည်။ နှမ်းစိုက်ပျိုးရာတွင် ဂျပန်နှမ်းဖြူ၊ စမုံနှမ်းနက်၊ ရိုးရိုးနှမ်းဖြူမျိုးများကိုသာစိုက်ပျိုးကြပြီး ယခုနှစ်တွင် နှမ်းဖြူဈေးမှာ ဈေးအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလများသည် သီးနှံရောင်းဝယ်မှုအများဆုံးအချိန်ဖြစ်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးတွင် မိုးသီးနှံအဖြစ် နှမ်းနှင့်မြေပဲကိုစိုက်ပျိုးကြပြီး ထွက်ရှိသောနှမ်းများကို ဂျပန်၊ ကိုရီးယား၊ တရုတ် စသည့်နိုင်ငံများသို့ တင်ပို့ကြောင်းလည်းသိရှိရပါသည်။

DOCA(မကွေး)