Main menu

မြန်မာတို့အကြိုက် စားတော်ပဲပြုတ်လည်း ဈေးတက်

Powered by Drupal

      မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည် တစ်မျိုးဖြစ်ပါသည်။ ပဲပြုတ်ပူပူလေး ဆိုသည့်အသံကို မနက်တိုင်း ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ကြားနေရပါသည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့်ဖြစ်စေ စားသုံးလေ့ရှိပါသည်။

     ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာ ကောင်းမွန်သည့် ပဲပြုတ်ကိုတော့ လွယ်လွယ်ကူကူနှင့်မရပါ။ နှစ်ရက်ခန့် အချိန်ပေးရပါသည်။ ပဲပြုတ်ကို စားတော်ပဲဖြင့် ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေး‌ လေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။

   နောက်တစ်နေ့ ပဲအညှောင့်ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့် ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွားလျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

       ယခုအချိန်တွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြင့် ဝယ်ရပြီး ပဲပြုတ် ၁၀ ကျပ်သားကို ၆၀၀ ကျပ်ရောင်းပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)