မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေး၊ စျေးနှုန်းချိုသာစွာဆန်များရောင်းချပေးနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ချောက်မြို့နယ်၌ (၂၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်ကွက်သို့သွားရောက်၍ ဆန်များရောင်းချပေးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်အတွင်း ဆန်များကို ကာလပေါက်စျေးအောက် ထက်ဝက်လျှော့ချ၍ရောင်းချပေးခဲ့ပြီး ဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းရောင်းချပေးခဲ့ကြောင်းသိရသည်။ ချောက်မြို့နယ်အတွင်း းစျေးနှုန်းချိုသာစွာဆန်များာရောင်းချပေးနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ချောက်မြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်(၁၀)ဦးတို့ပူပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် အိမ်ထောင်စု(၁၂၀)စုအား ဒေါ်စန်းမြင့်ပွဲရုံမှ ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။ ရက်သတ္တတစ်ပတ်လျှင် ဈေးနှုန်းချိုသာသော ဆန်(၂၄)ပြည်ပါ ဆန်(၅)အိတ်နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်အသီးသီးသို့လှည့်လည်၍ ရက်သတ္တပတ်(၁၀)ပတ်အကြာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
DOCA(မကွေး)