Main menu

ငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

 မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပါသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော မိုးမျှော်ငရုတ်သီးခြောက်ဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကျပ်၁၉၀၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀-၂၁၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ငရုတ်သီးခြောက်များ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းကာ အဆင်ပြေနေကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)