Main menu

မုံရွာခရိုင်၏ စပါး/ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်းသိရပါသည်။

    မုံရွာမြို့၏ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင်း ၁၀၀ လျှင် ကျပ်၃၂၀၀၀၀၀မှ ကျပ်၃၃၀၀၀၀၀၊ ဧရာမင်းဆန်  ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀မှ ကျပ်၁၄၅၀၀၀ ထိ၊ မနောသုခစပါးတင်း ၁၀၀ လျှင် ကျပ်၂၆၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀မှ ကျပ်၉၅၀၀၀ထိ၊  ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၄၄၀၀၀၀၀ မှ ကျပ်၄၅၀၀၀၀၀အထိ၊  ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀မှ ကျပ်၁၅၀၀၀၀ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

    ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင်း ၁၀၀ လျှင် ၂၀၀၀၀၀ကျပ်၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၃၀၀၀၀ကျပ်၊ မနောသုခစပါးတင်း ၁၀၀ လျှင် ၆၀၀၀၀၀ကျပ် ၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ ပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ၁၃၀၀၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)