Main menu

အရောင်းအဝယ်ဖြစ်မှုနည်းလာသည့် ပဲတီစိမ်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဩဂုတ်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဩဂုတ်လ၊ လကုန်ပတ်ထိဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၅၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀) တင်း/ (၂၉) တန်ဖြစ်ကြောင်း၊ ဩဂုတ်လ၊ စတုတ္ထပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက စတုတ္ထပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုလကုန်ပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၃၃၀ဝိ) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသည့်အပြင် ယခုအပတ်တွင် ရာသီကုန်ပြီဖြစ်၍ တောင်သူလက်ကျန်နည်းပါးသဖြင့် အရောင်းအဝယ်ဖြစ်မှုမှာလည်း နည်းပါးသွားပြီဖြစ်ကြောင်း   သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)