Main menu

ကန့်ဘလူခရိုင်၏ (၈/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၄.၈.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊    သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်းလ်”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် (၂၄.၈.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူ မြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “ကမ္ဘာကျော်” ဆန်စက်လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၂)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို  သိရှိနားလည်ထားရန် အရေးကြီးကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ လေ့လာသိရှိလိုပါက  ဌာန၏ Facebook Page နှင့် Consumer Call Center No. (1535) သို့ ရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)