Main menu

ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ ဩဂုတ်လအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

   စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၃-၈-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “အ-မ-က(၂)” ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူ(၁၇၃)ဦးကိုလည်းကောင်း၊ (၉-၈-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေး Talk Show (၂)ဦးနှင့် (၁၁-၈-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေး Talk Show (၂)ဦး စုစုပေါင်း စားသုံးသူပြည်သူ(၁၇၇)ဦးတို့ကို စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာအသိပညာများကိုလည်းကောင်း စားသုံးသူရေးရာနှင့်သက်ဆိုင်သည့်အကြောင်းအရာများ၊ အသိပညာဗဟုသုတများကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည့် ဌာန၏ Website၊ Facebook Page နှင့် Consumer Call Center No.(1535) စသည်တို့ကို ဝင်ရောက်ကြည့်ရှုခေါ်ဆို၍ လေ့လာလို့ရကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)