Main menu

ကရင်ပြည်နယ်တွင် RSS3 ရာဘာဈေးအခြေအနေ

Powered by Drupal

            ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် RSS 3 ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၆၈၀ ကျပ် ဈေးနှုန်းဖြင့်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

          ပွင့်လင်းရာသီ ရာဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS 3 အမျိုးအစား ရာဘာ ၁ ပေါင်လျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလ ပြီးဆုံးချိန်တွင် တစ်ပေါင် ၁၃၄၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ယခု စက်တင်ဘာလ ပထမအပတ်တွင် ၁၆၈၀ ကျပ် ဈေးနှုန်းဖြင့်တည်ငြိမ် လျက်ရှိသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်တွင် RSS 3 နှင့် RSS 5 အမျိုးအစား ၂ မျိုးအရောင်း အဝယ်ဖြစ်လျက်ရှိပြီး RSS 5 အမျိုးအစားမှာ တစ်ပေါင်လျှင် ၁၆၄၀ ကျပ်ဖြစ်ကြောင်း နှင့်ယခုမိုးအဆုံးကာလသည်ကရင်ပြည်နယ်တွင် ရာဘာစိုက်တောင်သူအများစုမှာ ရာဘာအစေးခြစ် လုပ်ငန်းများရပ်နား၍ မြေပြုပြင်ခြင်း၊ ခြုံရှင်း/ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ဆဲ ကာလဖြစ်ကြောင်းနှင့် ရာဘာဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လာမည့်အစေးခြစ်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် ရာဘာလုပ်ငန်းမှ အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

DOCA (ကရင်)