Main menu

မြိတ်မြို့၊ ငြိမ်းချမ်းရေးရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦး‌ဆောင်၍ ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ငြိမ်းချမ်းရေးရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ပါသည်။

   အဆိုပါ ဟောပြောပွဲတွင်  ခရိုင်ဦးစီးမှူးက စားသုံသူများတွင် စားသုံးသူအခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များဝယ်ယူသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားမပါရှိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် အစားအသောက်များကို သက်တမ်းမကုန်ဆုံးမီ စားသုံးသင့်ကြောင်း ရှင်းလင်းပြောကြားပြီး  ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနက အစားအသောက်သုံးစွဲရာတွင် ပြုလုပ်သင့်သောအချက်များအကြောင်း၊ သဘာဝရိုးရာစားသောက်ကုန်နှင့် လက်မှုပစ္စည်းသင်တန်းများဖွင့်လှစ်ပေးနေကြောင်းနှင့် အစားအသောက်များတွင် စားသုံးရန် /သုံးစွဲရန်သင့်ခွင့်ပြုချက်ထုတ်ပေးနေကြောင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်း သူ/သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)