Main menu

ချောက်မြို့၌ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပုဂ္ဂလိကဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးရောင်းချခြင်းရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စုံဆိုင်များအား (၃၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ပုဂ္ဂလိကဆေးဆိုင်များအား သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ (FDA)က ကန့်သတ်ထားသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် ကုန်စုံဆိုင်များ၌ စားသောက်ကုန်များတွင် ကုန်အညွှန်းများတပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူပြည်သူများအနေဖြင့် ဘေးဥပဒ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌‌ရေးဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာရောင်းချနိုင်စေရေး၊ ရောင်းချသည့်စျေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာရောင်းချစေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မြို့နယ်ရဲစခန်းမှ ဒု-ရဲမှူး သန့်ဇင်ထူး၊ မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးဇင်မျိုးသန့်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်တင်မာဦး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)