Main menu

ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၃ တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၄-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၃ အစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်က ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို အစားအသောက်များဝယ်ယူစားသုံးရာတွင် စနစ်တကျရွေးချယ်ဝယ်ယူစားသုံးတက်စေရန်အတွက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ တွင် ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌  မြန်မာဘာသာဖြင့် အသေးစိတ်ဖော်ပြရမည့်အချက်များကို နမူနာမုန့်ထုပ်များဖြင့် လက်တွေ့သရုပ်ပြရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး၊ ဒေါ်စုနွေးသီရိမောင်က  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)တွင်ပါဝင်သော စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

     ဟောပြောပွဲတွင် Grade -8, Grade -9, Grade -10, Grade -11, Grade -12 မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ဦးနှင့် ဆရာ၊ ဆရာမ ၂၈ဦး၊ စုစုပေါင်း ၂၇၈ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကာ ဟောပြောပွဲကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(ကရင်)