ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်၊၊
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်ဖြိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်း၊ တိုင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာညွှန့်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခွန်စောလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးလေးလွင်၊ စီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသားများ၊ စုစုပေါင်း ၅၀ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)