Main menu

ဈေးကောင်းလာသည့် ကရင်ပြည်နယ်ဒေသထွက်ရေချိုငါးများ

Powered by Drupal

   အခြေခံစားသောက်ကုန်ဈေးနှုန်းများ အစစအရာရာဈေးနှုနန်းမြင့်တက်လာခြင်းနှင့်အတူ အသားငါးဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အသားငါးဈေးနှုန်းများအနက် မွေးမြူရေးသား/ ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ‌ဈေးကောင်းလျက်ရှိသည်။

   မွေးမြူရေးငါး ငါးတန် ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးမုတ်( ပါကူး) ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်သော်လည်း ဒေသထွက်ရေချိုငါးမြစ်ငါးတန် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချောင်းငါးကြင်း ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးပက်လက် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးပနော်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  ငါးလေးများဖြစ်သည့် ငါးမြွေထိုး ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးဖယ် ၁ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဇင်ရိုင်း ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးနုသန်း ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးခုံးမမြှီးနီတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်  စသည်ဖြင့် မွေးမြူရေးငါးထက် ဒေသထွက်ရေချိုးငါးများမှာ ပိုမိုဈေးကောင်းလျက်ရှိကြောင်းသိရသည်။

    ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကိုအခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များပေါများပြီး ဒေသထွက်ရေချိုငါးများထွက်ရှိသည်၊၊ ဘားအံမြို့နှင့် အနီးတဝိုက်ဝန်းကျင်တွင် ဒေသခံတချို့သည် သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ်ဖြင့် အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် အဓိကထားလာရောက်ရောင်းချလေ့ရှိကြောင်း သိရပါသည်။

DOCA(ကရင်)