Main menu

ပခုက္ကူကုန်စည်ဒိုင်၏ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ် ပဲမျိုးစုံဈေးနှုန်းနှိုင်းယှဉ်ခြင်း

Powered by Drupal

     ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ၊ ပဲနောက်စိမ်းသေး၊ ကုလားပဲ (V6)၊ ပဲတီစိမ်းကြီး၊ ကုလားပဲ (HL)၊ ပဲယင်းနီ၊ မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် နှမ်းညို၊ နှမ်းဝါ(ယော)သီးနှံများလည်း စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

ပဲစဉ်းငုံ

  ယခင်နှစ် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၆၅၀၀၀-၆၆၀၀၀)ဈေးဖြင့် တစ်ရက်လျှင် အိတ်(၂၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၁၂၄၀၀၀)ဈေးရှိပြီး ယခင်နှစ်ဈေးထက် (၂)ဆနီးပါးခန့်  ဈေးပိုရခဲ့ပါသည်။ ယခုနှစ်တွင် သွင်းအားစုများ၊ လုပ်အားခများကြီးမြင့်လာသော်လည်း ပဲစဉ်းငုံဈေးပိုမြင့်လာသောကြောင့် အမြတ်ရရှိကြောင်းသိရှိရပါသည်။ တင်ပို့မှုအနေဖြင့်လည်း တစ်ရက်လျှင် အိတ်(၄၀၀)ခန့်တင်ပို့နိုင်ပါသည်။

ကုလားပဲ (V6)

     ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကုလားပဲ(V6)တစ်တင်းလျှင် ကျပ်(၅၀၀၀၀-၅၅၀၀၀) ဈေးရှိခဲ့ပြီး ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၈၈၀၀၀)ဈေးဖြင့် တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်(၃၀၀၀၀)ကျော်ခန့်ဈေးပိုရခဲ့သည်။

ကုလားပဲ (HL)

     ပခုက္ကူကုန်စည်ဒိုင်တွင် ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကုလားပဲ (HL) တစ်တင်းလျှင် ကျပ်(၈၇၅၀၀)ဖြင့် ဒေသတွင်းပဲခွဲစက်များနှင့် ရန်ကုန်သို့ အိတ်(၃၀၀)ကျော်တင်ပို့နိုင်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၅၉၀၀၀) ဈေးရှိသဖြင့် ကျပ်(၂၈၀၀၀)ခန့်ဈေးပိုရခဲ့သည်။

ပဲနောက်စိမ်း (သေး)

  ပခုက္ကူဒေသထွက် ပဲနောက်စိမ်း(သေး)သီးနှံမှာလည်း နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုနှစ်စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၅၇၀၀၀)ဖြင့် တစ်နေ့လျှင် အိတ်(၁၀၀)ခန့် ရန်ကုန်သို့တင်ပို့နိုင်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၅၂၀၀၀)ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး တစ်နေ့လျှင် အိတ်(၁၀၀)ခန့်တင်ပို့မှုရှိကြောင်းသိရှိရပါသည်။

ပဲတီစိမ်းကြီး

    ပဲတီစိမ်းကြီးသီးနှံမှာ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၄၅၀၀၀-၅၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၄၄၀၀၀-၄၅၀၀၀)ဈေးဖြစ်ခဲ့သောကြောင့် ကျပ် (၁၀၀၀၀)ခန့်သာဈေးတက်လာကြောင်းနှင့်  တစ်ရက်လျှင် အိတ်(၁၅၀)ခန့်တင်ပို့မှုရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

   ပခုက္ကူကုန်စည်ဒိုင်၌ စက်တင်ဘာလ (ပထမပတ်) တွင် မတ်ပဲတစ်တင်းလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်(၆၇၀၀၀)မှ ကျပ်(၇၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်နေ့လျှင် အိတ်(၁၀၀)ခန့်တင်ပို့မှုရှိပါသည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် မတ်ပဲတစ်တင်းလျှင် ကျပ် (၅၄၀၀၀-၅၅၀၀၀) ဈေးရှိခဲ့၍ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၂၀၀၀၀)ခန့်ဈေးပိုရခဲ့ပါသည်။

နှမ်းညို/နှမ်းဝါ(ယော)

   ပခုက္ကူကုန်စည်ဒိုင်၌ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် နှမ်းညို၊ နှမ်းဝါ(ယော)များစတင်ဝင်ရောက်လာပြီး နှမ်းညိုတစ်တင်းလျှင်  ကျပ်(၁၀၅၀၀၀)၊ နှမ်းဝါ(ယော)တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)ဈေးဖြင့် တစ်နေ့လျှင် အိတ်(၅၀)ခန့်တင်ပို့မှုရှိပါသည်။ ယခင်နှစ် နှမ်းညိုပေါ်စအချိန်တွင် ကျပ်(၇၅၀၀၀)ဈေးရှိခဲ့ပြီး နှမ်းဝါတစ်တင်းလျှင် ကျပ်(၉၄၀၀၀)ဈေးဖြစ်ခဲ့ပြီး နှမ်းညိုမှာ  ယခုနှစ်တွင် ကျပ်(၃၀၀၀၀)ခန့်ဈေးပိုရခဲ့ပါသည်။

     ပခုက္ကူကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) ဈေးနှန်းနှင့် ယခုနှစ် စက်တင်ဘာလ (ပထမပတ်) ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးနှုန်းများမှာ သိသိသာသာဈေးပိုရရှိပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)