Main menu

ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ မုန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၃.၁၁.၂၀၂၁ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဝေယံကျော်၊ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဦးရဲလင်းဦး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မင်္ဂလာကုန်းလမ်း၊ အမှတ်(၂) ရပ်ကွက်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ မုန့်မျိုးစုံလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မုန့်မျိုးစုံလုပ်ငန်းများအနေဖြင့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများမှ ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)