Main menu

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏လက်လီ ဈေးနှုန်းများအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ ကြက်သွန်နီများနှင့် အခြားစားဖိုဆောင်သီးနှံများကို ပဲခူးတိုင်း၊ ပြည်မြို့မှ ဝယ်ယူရောင်းချကြကြောင်းသိရှိရပါသည်။

    ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း (၅-၉-၂၀၂၃) ရက်နေ့တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ်(၅၆၀၀)၊ ဧည့်မထ/မှော်ဘီတစ်ပြည်လျှင် ကျပ်(၃၅၀၀)၊ ငစိန်/ရိုးနီတစ်ပြည်လျှင် ကျပ်(၄၃၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ရောဆီတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အာဗြဲခြောက်တစ်ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၉၀)ဈေးနှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)