Main menu

ကံမမြို့၊ ခြောက်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၄-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် သရက်ခရိုင်၊ ကံမမြို့၊ ခြောက်ပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေကလည်း  ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် အဓိကပါဝင်ရမည့်အချက်(၇)ချက်အကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းလွန်ရက်စွဲများကို သေချာစွာကြည့်ရှုဝယ်ယူသုံးစွဲကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးက လူငယ့်ရေးရာအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကျောင်းအုပ်ဆရာကြီးထံသို့ စားသုံးသူကာကွယ်ရေးဥပဒေလက်ကမ်းစာစောင်များပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၃၄၈)ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၄)ဦးတို့ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)