Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

  အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် သီးနှံအသစ်များဝင်ရောက်လျက်ရှိပြီး နှမ်းနက် (စမုံ)မှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၃၀-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀-၃၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်(၆-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၄၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀-၁၀၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၁၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၃၀၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) အသီးသီးဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်များဖြင့် နှမ်းနက်(စမုံ) (၂၈၀၀)အိတ်၊ နှမ်းနီ (၅၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိခဲ့ရပါသည်။

   ပဲမျိုးစုံဈေးကွက်အနေဖြင့် ပဲစဉ်းငုံနီ (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၂၂၀၀၀)ဖြစ်၍ ကျပ်(၁၂၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၈၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ(မြကြေး) (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၅၀၀၀-၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) အသီးသီးဈေးမြင့်တက်ခဲ့ပါသည်။ ပဲတီစိမ်း(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၄၃၀၀၀-၅၃၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၂၀၀၀-၅၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း (၇၇၀)အိတ်၊ ပဲစဉ်းငုံနီ (၂၅၀)အိတ်၊ မတ်ပဲ(၂၀၀)အိတ်၊ ကုလားပဲ(H-L) (၈၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၅၀)အိတ်၊ ပဲကြီး (၄၀၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၈၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၉၀၀-၇၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀)ဖြစ်၍ ကျပ်(၅၀၀-၆၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၁၈၀၀၀-၁၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၆၀၀၀-၁၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၂၀၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့ကျခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံနီ(၂၅၀)အိတ်၊ မြေပဲလုံးဆံဖြူ(၁၆၀၀)အိတ်၊ မြေပဲတောင့်အစို တင်း(၅၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ ပဲတီစိမ်း၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ မြေပဲတောင့်အစိုတို့မှာသီးနှံအသစ်များဝင်ရောက်လျက်ရှိပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ များသို့ အပတ်စဉ်ပုံမှန်တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)