Main menu

ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ (ပထမပတ်) တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ (ပထမပတ်) တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ သြဂုတ်လ (နောက်ဆုံးပတ်) တွင်  ရန်ကုန်သို့ အိတ်ရေ ၁၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၃၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၄၆၀၀၀၊ တန်အားဖြင့် ၂၃၀၀တန်စီးထွက်ခဲ့ ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၆၁၅၀၀၊ တန်အားဖြင့် ၃၀၇၅တန်စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၅၅၀၀၊ တန်အားဖြင့် ၇၇၅တန်လျော့၍ စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ စက်တင်ဘာလ (ပထမပတ်) တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၈၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်တွင်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)