Main menu

ရွှေဘိုမြို့တွင် စားသုံးဆီဈေးများကျဆင်း

Powered by Drupal

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ စက်တင်ဘာလ (ပထမပတ်)တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

      ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး သြဂုတ်လ (နောက်ဆုံးပတ်) တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု စက်တင်ဘာလ (ပထမပတ်) တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုအပတ်စားသုံးဆီ တစ်ပိဿာဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ် စသည်ဖြင့် အသီးသီးဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း  စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)