Main menu

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့်သက်ဆိုင်သည့် အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့်  အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ထားမှုဆိုင်ရာ ရှင်းလင်းခြင်း စသည်တို့နှင့်စပ်လျဉ်း၍ လစဉ် အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

     (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၊ ဧပြီလတွင် ၁၀ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၀၆ဦး၊ မေလတွင် ၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၁၆ဦး၊ ဇွန်လတွင် ၁၅ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၉၀ဦး၊ ဇူလိုင်လတွင် ၁၇ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ ၉၀ဦး၊ ဩဂုတ်လတွင် ၁၂ကြိမ်၊ လုပ်ငန်းရှင်လူဦးရေ  ၁၂၃ဦး၊  စုစုပေါင်းအရေအတွက် အကြိမ်ရေ (၅၉)ကြိမ်တွေ့ဆုံမှုတွင် စီးပွားရေးလုပ်ငန်းရှင်လူဦးရေ(၄၂၅)ဦးအား ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ကုန်စည်ဒိုင်အသင်းလုပ်ငန်းရှင်၊ MONCCI အသင်းမှ လုပ်ငန်းရှင်၊ ဆန်ကုန်သည်အသင်းအဖွဲ့၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်၊ ကြက်သွန်နီရောင်းဝယ်ရေးအသင်းအဖွဲ့၊ ကွမ်းသီးအသင်းအဖွဲ့လုပ်ငန်းရှင်၊ မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးလုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်၊ အအေးခန်းလုပ်ငန်းရှင်၊ ရက်ကန်းရုံလုပ်ငန်းရှင်၊  မုန့်တီရုံလုပ်ငန်းရှင်၊ အလှကုန်လုပ်ငန်းရှင်၊ အထည်ချုပ်ရုံလုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်၊ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်၊ ငါးခြောက်နှင့်ငါးပိထုတ်လုပ်သည့်လုပ်ငန်းရှင်၊  လက်ဖက်နှင့်အကြော်စုံလုပ်ငန်းရှင်၊ ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်၊ ရှောက်သီးဆေးပြားထုတ်လုပ်သည့်လုပ်ငန်းရှင်၊ တိုင်းရင်းဆေးထုတ်လုပ်သည့်လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

  ထို့သို့  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်းမှတစ်ဆင့် မွန်ပြည်နယ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကာကွယ်ဆောင်ရွက်နေကြောင်း  သိရှိရပါသည်။

DOCA(မွန်)