Main menu

ချောင်းဆုံမြို့နယ်ရှိ ဆေးဝါးနှင့်အလှကုန်များအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃) ရက်နေ့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်၊ အလှကုန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသောဆေးဝါးများမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိစစ်ဆေးခဲ့ပြီး ဆေးဝါးများအား သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိမှသာရောင်းချရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ကျန်းမာရေးဦးစီးဌာနသို့ပို့ဆောင်၍ စနစ်တကျစွန့်ပစ်ရန်နှင့် ဆေးဝါးများကို စနစ်တကျထားရှိနိုင်ရန် အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)