သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်/ မြို့နယ်များသို့ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၂၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၆၇၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၂၃)တန်စီးထွက်ခဲ့ပါသည်။ ယခုစက်တင်ဘာလ၊ ပထမအပတ်တွင် မော်လမြိုင်သို့ (၃၂၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၄၀၀)အိတ်ခန့်၊ စုစုပေါင်း (၆၆၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၁၈) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ( ၁၅၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၄၀ ) တန်ခန့်စီးဝင်ခဲ့ပြီး ဧပြီလ၊ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ( ၁၀၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ ( ၁၅၀၀ )အိတ်ခန့်၊ စုစုပေါင်း ( ၂၅၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၂၀ ) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ စက်တင်ဘာလ၊ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေးမှာ ကျားပျံဟိုတယ် (၃၂၀၀၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ ( ၂၉၅၀၀၀ဝိ/-) ကျပ်ခန့်၊ ကမာကြည် (၂၆၅၀၀၀ဝိ/-) ကျပ်ခန့်နှင့် ( ၂၄ ) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၀၅၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ ( ၁၀၀၀၀ဝိ/- ) ကျပ်ခန့်၊ ကမာကြည် ( ၉၅၀၀ဝိ/- ) ကျပ်ခန့်၊ ဧည့်မထ ( ၇၂၀၀ဝိ/- ) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ် အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)