Main menu

မင်းလှမြို့နယ်တွင်ရွှေဖရုံသီးများလှိုင်လှိုင်ထွက်ရှိနေ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ သင်တောရိုး ကျေးရွာ၊ ပေါက်ကုန်ကျေးရွာ၊ လွင်ပြင်‌ကျေးရွာနှင့် အခြားကျေးရွာတော်တော်များများတွင် ရွှေဖရုံးသီး များစိုက်ပျိုးကြပြီး အသီးများလှိုင်လှိုင်ထွက်ရှိနေကြောင်း စိုက်ပျိုးသူ တောင်သူများထံမှ သိရပါသည်။ ‌‌ရွှေဖရုံးမျိုးစေ့ ရွေးချယ် စိုက်ပျိုးရာတွင် အခွံဝါမျိုး‌စေ့များကို ရွေးချယ် စိုက်ပျိုးရပြီး ပင်တန်းခြား ခြောက်ပေပတ်လည် နှစ်ပတ်လည်ကို သုံးပင်နှုန်းဖြင့် ကျင်းတူး၍ စီးပွားဖြစ် စိုက်ပျိုးကြပါသည်။  ရွှေဖရုံသီး တစ်ကျိုး စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ် အနေဖြင့် စိုက်ခင်း မြေပြုပြင်ခ၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စင်ပြုလုပ်စရိတ်၊ လုပ်အားခ စုစုပေါင်း (၂၇၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ အထွက်နှုန်း အနေဖြင့် သီးနှံသက်တမ်း(၇၅)ရက်မှ (၉၀)ရက်အတွင်း ၁ရက်ခြား ၂ရက်ခြားလျှင် ၁ကြိမ် ခူးဆွတ်ရပါသည်။ ယခုအခါရွှေဖရုံသီးကို အကြီးတစ်လုံးလျှင် ၂၅၀၀ကျပ် ဈေးရှိပြီး အလတ် တစ်လုံးလျှင် ၁၆၀၀ကျပ် အသေးတစ်လုံးလျှင် ၄၀၀/၅၀၀ကျပ်ခန့်ဖြင့် ကုန်စိမ်းဒိုင်များမှ လာရောက် ဝယ်ယူလျက်ရှိပါသည်။ ပေါ်စအချိန်တွင် အထွက်နှုန်းနည်းသော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ၇၅ / ၈၀ လုံးလောက် ထွက်ရှိပြီး  တစ်ကျိုးလျှင် ပျမ်းမျှအလုံးရေ  ၁၅၀၀လုံး လောက် ထွက်ရှိနိုင်ပါကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးတစ်ကျိုးလျှင် ရရှိငွေမှာ ၆၇၅၀၀၀/ ကျပ် ရရှိနိုင်သဖြင့် အကျိုးအမြတ်အနေဖြင့် ၄၀၅၀၀၀/ကျပ် အကျိုးအမြတ်ရရှိနိုင်ပါကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)