တောင်ငူမြို့ ၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (ကျောက် စိမ်းသီး) မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ - ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ - ၃၅၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၆၀၀၀ - ၇၀၀၀ ကျပ်၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ - ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။
ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ - ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ - ၂၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ ယခင် အပတ်က တစ်ပိဿာလျှင် ၁၆၀၀ - ၁၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ - ၂၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်ပါသည်။
ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ - ၁၁၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ - ၁၆၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ - ၁၄၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ - ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ - ၁၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။
ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၇၀၀ - ၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ - ၂၂၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၅၀၀ - ၄၀၀၀ ကျပ်အထိ ဈေးနှုန်း တည်ငြိမ်နေပါသည်။
နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်၊ မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၂၅၀၀ - ၂၈၀၀ ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ - ၂၅၀၀ ကျပ်အထိ၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ - ၂၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ကန်စွန်းရွက်မှာ တစ်စည်း ၁၅၀ ကျပ် ၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စီးလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၆၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)