Main menu

တောင်ငူမြို့ရှိ ဘူးသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးဈေးကွက်

Powered by Drupal

     တောင်ငူမြို့တွင် ပြီးခဲ့သည့်ရက်များက မိုးရွာသွန်းမှုများသဖြင့် ဘူးပင်အမြစ်များ ရေနစ်၍ အပင်များသေဆုံးမှုရှိသလို အပင်မသေပါကလည်း အသီးများမတင်တော့သဖြင့် ဘူးသီးအထွက်နည်းပြီး ယခုရက်ပိုင်းအတွင်း ဘူးသီးများဈေးတက်ကြောင်း သိရပါသည်။

    ယခုအပတ်အတွင်း ညောင်ပင်ဈေးတွင် ရောင်းချသော ဘူးသီးများမှာ အသေး တစ်လုံးလျှင် ၈၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၂၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။             

       ကျောက်ဖရုံသီးမှာ ယခင်အပတ်ကအတိုင်း အသေးတစ်လုံးလျှင် ၅၀၀ ကျပ်၊ ၁၀ လုံး ယူလျှင် ၄၀၀၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၇၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၆၀၀၀ ကျပ် ရှိပါသည်။

      ရွှေဖရုံသီးမှာ အသေးတစ်လုံးလျှင် ၃၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်လုံးလျှင် ၆၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၅၀၀၀ ကျပ် ရှိပါသည်။

       ရွှေဖရုံညွန့်မှာ အညွန့်သေး ၅ ညွန့်ပါ တစ်စည်းလျှင် ၂၀၀ ကျပ်၊ အညွန့်ကြီး ၇ ညွန့်ပါ တစ်စည်းလျှင် ၅၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)