Main menu

ရေတာရှည်မြို့၌ မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

      ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော မွေးမြူရေးထုတ်ကုန်လုပ်ငန်းလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများအလိုက် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးပါသည်။

   တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်ငြိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းဇော်အောင်တို့က မိမိတို့ဌာနများနှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။

   ဆွေးနွေးပွဲတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ငါးကြင်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ အကောင်လိုက်ရောင်းလျှင် ၈၅၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ အကောင်လိုက်ဈေး ၈၅၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်ရောင်းချရန် လုပ်ငန်းရှင်များက သဘောတူကြောင်းနှင့် ဆွေးနွေးပွဲသို့ အသားငါးထုတ်လုပ်ရောင်းချသူ ၁၄ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)