Main menu

တောင်ငူမြို့သို့ အထက်အညာဒေသမှ ဖရဲသီးနှင့် နာနတ်သီးများဝင်ရောက်

Powered by Drupal

        တောင်ငူမြို့သို့ အထက်အညာဒေသများဖြစ်သော နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသော ဖရဲသီးနှင့် နာနတ်သီးများ ဝင်ရောက်လာရာ အရသာ လည်းကောင်း၊ ဈေးလည်းသင့်သဖြင့် လူကြိုက်များကြောင်း သိရပါသည်။

   ဒုံးကျည်သီးဟု ခေါ်သော ဖရဲသီးများမှာ အသေး တစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး  တစ်လုံးလျှင် ၁၅၀၀ ကျပ်ရှိပြီး ၁၀ လုံးအထက်မှာယူပါက ဈေးအနည်းငယ်လျော့ပါသည်။       

    နာနတ်သီးများမှာလည်း အလုံးကသေး အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၃၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိပါသည်။ တောင်ငူမြို့နှင့် မဝေးလှသော ဒေသများမှ ထွက်ရှိသော အသီးများ ဖြစ်၍ သယ်ယူစရိတ်သက်သာသဖြင့် ရှမ်းပြည်မြောက်ပိုင်း သီပေါဒေသမှထွက်သော ဖရဲသီး၊ နာနတ် သီးများထက် ဈေးသက်သာသော်လည်း အရသာမှာ ကောင်းမွန်သဖြင့် ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)