တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ (မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။
မိုးစပါးမှာ တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀ ကျပ်၊ နွေစပါးမှာ တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုမှာ ယခင်အပတ်က တစ်အိတ်လျှင် ၃၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။
မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၁၆၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။ ပဲလွန်းဖြူမှာ ယခုအပတ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း၊ ပဲတီစိမ်းမှာလည်း လက်ကျန်မရှိတော့၍ အရောင်းအဝယ်မရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)