တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အသား သီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ ယခုလလယ်ပိုင်းက အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၉၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။
ဝက်သား(ရေလွတ်သား)မှာ ယခုလလယ်ပိုင်းက သုံးထပ်သား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိပြီး ယခုလကုန်ပိုင်းတွင် သုံးထပ်သား တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိဖြင့် ဈေးအနည်းတက်ပါသည်။
ငါးကြင်းမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်အထိ၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်းဖြူမှာ ယခုလလယ်ပိုင်းက အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အမြီး လွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပါသည်။
ငါးရံ့မှာ ယခုလလယ်ပိုင်းက အကောင်သေး တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ငါးခူမှာ ယခုလလယ်ပိုင်းက အကောင်သေး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေး နှုန်းအနည်းငယ်တက်ပါသည်။
ယခုလလယ်ပိုင်းက ပုဇွန်ဆိတ် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ် ရှိရာမှ ယခုလကုန်ပိုင်းတွင် ပုဇွန်ဆိတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြင့် ဈေးတက်ကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)