တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ သီးမွှေးငှက်ပျောသီးများမှာ ဈေးကောင်းရလျက်ရှိပါသည်။ ယခင်နှစ်များက ငှက်ပျောစိုက်ခင်းများမှာ ရာသီဥတုကောင်းမွန်သောကြောင့် အထက်နှုန်း ကောင်းခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုများပြားခြင်း၊ တိရစ္ဆာန်များ၏ ဖျက်ဆီးခြင်းခံရခြင်းကြောင့် အထွက်နှုန်း ကျဆင်းခဲ့ပါသည်။
ငှက်ပျောကို အုတ်တွင်းမြို့ အနောက်ဖက် ပဲခူးရိုးမတောင်ပေါ်ရှိ တောင်ယာစိုက်ခင်းများတွင် စိုက်ပျိုးကြပါသည်။ တောင်ပေါ်မှ ငှက်ပျောသီးများကို ကယ်ရီများဖြင့် အုတ်တွင်းမြို့သို့ သယ် ဆောင်ကြရပါသည်။
အုတ်တွင်းမြို့ ငှက်ပျောသီးဒိုင်များမှ ငှက်ပျောဖီး အကြီး၊ အသေးပေါ်မူတည်၍ တစ်ဖီးလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဝယ်ယူပြီး အုတ်တွင်းမြို့ စည်ပင်သာယာဈေးနှင့် မြို့နယ်တွင်းရှိ အခြားဈေးများတွင် တစ်ဖီးလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
DOCA(ပဲခူး)