ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ မြေပဲသီးနှံကို ယခင်နှစ်ကာလတူတွင် ဈေးကောင်းများစွာရရှိခဲ့ပြီး ယခုအခါ မိုးမြေပဲ၊ ဆောင်းမြေပဲဟူ၍ ရာသီအလိုက် အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ သဲကုန်းမြို့နယ်တွင် မြေပဲစိုက်ဧက (၅၀၀) ကျော်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြေပဲစိုက်တောင်သူများလည်းများပြားလာပါသည်။
မြေပဲစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရိတ်သိမ်း/ခြွေယူခြင်းအပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၇၅၀၀၀၀) ကျပ်ခန့်ရှိပြီး၊ တစ်ဧကလျှင် အထွက်တင်း (၄၀) ခန့်ထွက်ရှိပါသည်။ ယခုအချိန်တွင် မြေပဲတောင့်တစ်တင်းလျှင် ပေါက်ဈေးမှာ (၄၀၀၀၀)ကျပ်ဖြစ်သဖြင့် တစ်ဧကလျှင် (၁၆၀၀၀၀၀) ကျပ်ခန့်ရရှိပြီး တစ်ဧကလျှင် အကျိုးအမြတ်မှာ (၈၅၀၀၀၀)ကျပ်ရှိကြောင်း သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စုတွင်နေထိုင်သော မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)