Main menu

တောင်ငူမြို့ ညောင်ပင်ဈေးတွင် မင်းဂွတ်သီးနှင့် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်

Powered by Drupal

        တောင်ငူမြို့ညောင်ပင်ဈးတွင် မင်းဂွတ်သီးနှင့် နဂါးမောက်သီးများ ပေါများစွာ ရောင်းချနေပါသည်။ ယခင်က မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၂၀၀ခန့် ရှိရာမှ ယခု ဩဂုတ်လတွင် မင်းဂွတ်သီး အလုံးချော တစ်လုံးလျှင် ၁၀၀ ကျပ်အထိ ကျဆင်းသွားပြီး ဈေးကွက်တွင် ပေါများစွာ ရောင်းချနေကြပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရောင်းချနေသော မင်းဂွတ်သီးများမှာ တောင်ငူမြို့ အရှေ့ဘက်၊ ကရင်ပြည်နယ် သံတောင်မြို့နယ်ရှိ တောင်ပေါ်ဒေသများမှ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။

      နဂါးမောက်သီးများမှာ ယခင်က အလုံးချော တစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၂၀၀ ဝန်းကျင်ခန့်ထိရှိခဲ့သော်လည်း ယခုဩဂုတ်လတွင် နဂါးမောက်သီးအလုံးချော တစ်လုံးလျှင် ၈၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းသွားပါသည်။ နဂါးမောက်သီး ဈေးနှုန်းအနေဖြင့် အသေး၊ အလတ်၊ အကြီး တစ်လုံးလျှင် ၄၀၀ကျပ်၊ ၆၀၀ကျပ် နှင့် ၈၀၀ ကျပ်ထိ အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိပါသည်။ ညောင်ပင်ဈေးတွင် ရောင်းချနေသော နဂါးမောက်သီးများအား အဓိကအားဖြင့် ရှမ်းပြည်နယ်မှ တင်ပို့ကြောင်း သိရှိခဲ့ပါသည်။

DOCA(ပဲခူး)