Main menu

ပြည်ပဲပုတ်သီးနှံမှာ လက်လီသာရောင်းဝယ်နေရပြီး ဈေးငြိမ်နေခဲ့

Powered by Drupal

  ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲပုတ်သီးနှံသည်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် လက်လီသမားအနည်းငယ်ဖြင့်သာရောင်းဝယ်နေသည့်အတွက် တစ်ရက်လျှင် အိတ် (၂၀/၃၀)ကျော်ပုံမှန်ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ပြည်ခရိုင်အတွင်း မိုးပဲပုတ်သီးနှံသာစိုက်ပျိုးမှုရှိခဲ့ရာ မြို့နယ်အားလုံးတွင် စိုက်ပျိုးခြင်းမရှိဘဲ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင်သာစိုက်ပျိုးကြသောကြောင့် ဧက(၂၈၀)ကျော်ခန့်သာထွက်ရှိပါသည်။ ပဲပုတ်သီးနှံသည် တခြားပဲများကဲ့သို့ ဈေးနှုန်းအတက်အကျသိပ်မဖြစ်ဘဲ နှစ်စဉ်လိုလို အငြိမ်ဈေးနှုန်းဖြင့် ရောင်းဝယ်ခဲ့ကြသောကြောင့် သီးနှံအမျိုးအစားဖြစ်ပြီး ယခုနှစ်တွင် ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် ယခင်လများ၏ဈေးနှုန်းနှင့် ကွာခြားမှုအနည်းငယ်သာဖြစ်ပြီး ရောင်းချနေကြကြောင်းသိရပါသည်။

DOCA(ပဲခူး)