
ခရမ်းချဉ်သီးကို တောခရမ်းချဉ်သီး (သို့) မြေပုံခရမ်းချဉ်သီးနှင့် ကိုင်းခရမ်းချဉ်သီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ တောခရမ်းချဉ်သီးမှာ ကိုင်းခရမ်းချဉ်သီးထက် အရသာအနည်းငယ်ပိုချဉ်ပြီး ဈေးကောင်းလည်းရရှိပါသည်။ ခရမ်းချဉ်သီးသည် မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာ၌ အသုံးဝင်သဖြင့် " ဟင်းလိမ်မာသီး " ဟုလည်းခေါ်ဆိုကြပါသည်။ တောခရမ်းချဉ်သီး (သို့) မြေပုံခရမ်းချဉ်သီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်စည်ပင်သာယာဈေးကြီးသို့ တင်သွင်းရောင်းချကြောင်းသိရပါသည်။ ကိုင်းခရမ်းချည်သီးကို မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်နှင့် ပြည်မြို့အနီးတဝိုက်ကျေးရွာများမှ စီးပွားဖြစ်စိုက်ပျိုးသောစိုက်ခင်းများမှ အများဆုံးတင်ပို့ရောင်းချကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (တတိယပတ်) တွင် ခရမ်းချဉ်သီးများဈေးကောင်းရနေပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ကိုင်းခရမ်းချဉ်သီး(သို့) မြေပုံခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိရှိပြီး ကိုင်းခရမ်းချဉ်သီးမှာတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၀၀၀)ကျပ်ထိရှိပြီး ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။
DOCA(ပဲခူး)