Main menu

နောင်ချိုမြို့နယ်တွင် ဖူးစားပြောင်းအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မှ မိုးရာသီတွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်း သီးနှံအား အများဆုံးစိုက်ပျိုးကျကြောင်း ဖူးစားပြောင်းသည် နိုင်ငံခြားပို့ကုန် အဓိက ကဏ္ဍမှ မပါသော်လည်း ဒေသတွင်းဈေးကွက်ဖွံ့ဖြိုးမှုရှိသည့် သီးနှံဖြစ်ပြီး ဖူးစားပြောင်းကို အချို့ ဒေသများ၌ မိုးရာသီကာလများဖြစ်သော ဇွန်လမှ ဩဂုတ်လအတွင်း စိုက်ပျိုးကြောင်း သိရှိရပါသည်။

     ဖူးစားပြောင်း၏ စိုက်ပျိုးမှုသက်တမ်းသည် အချိန် သုံးလခန့်သာကြာသဖြင့် မိသားစု စီးပွားရေး အတွက် ဝင်ငွေရရှိရန် လွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးချိန်နှင့် စိုက်ပျိုးနည်းစနစ်များက လည်း အထူးအရေးကြီးလှပါသည်။ မိုးရွာပြီး မြေကြီးအစိုဓါတ်ရရှိချိန်တွင် စိုက်ပျိုးကျပြီး နုန်းမြေနှင့် စနယ်မြေကို ပို၍ နှစ်သက်ကြကြေင်း၊ ထယ်ရေးကောင်းစေရန် ဆောင်ရွက်ရရန်နှင့် မြေဩဇာအဖြစ် ပိုတက်စီယမ်နှင့် နွားချေး၊ မြေဆွေး၊ သဘာဝမြေဩဇာကို ထည့်သွင်း စိုက်ပျိုးပါက အထွက်နှုန်းကောင်း၍ အပင်ကြီးထွားနှုန်းနှင့် အပင်သန်စွမ်းနှုန်း ကောင်းလာပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း သိရှိရပါသည်။

       ဖူးစားပြောင်းစိုက်ပျိုးရာတွင် ပင်ကြား ၁၀လက်မနှင့်တန်းကြား (၂)ပေ၊ (၂)ပေခွဲခန့်ခြား၍ စိုက်ပျိုး နိုင်ကြောင်း၊ မျိုးစေ့မစိုက်ခင် ရေစိမ်၍ မျိုးစေ့ပွလာမှသာ မြေကြီးထဲသို့ ချပြီးစိုက်ပျိုးခြင်းဖြစ်ကြောင်း ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးနည်းစနစ်များ ကွာခြားမှုရှိနိုင်ကြောင်းသိရှိရပါသည်။ ပြောင်းစိုက်တောင်သူများသည် လွန်ခဲ့သော အချိန်များက စက်နှင့်စက်ကရိယာအမျိုးမျိုးဖြင့် အသုံးပြု၍ စိုက်ပျိုးလာကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျထုတ်လုပ်မှုမှာ စုစုပေါင်း (၁၀)သိန်းမှ (၁၅)သိန်းခန့် အထိ ကုန်ကျမှုရှိကြောင်း၊ ပြောင်းဈေးကောင်းပါက တစ်ဧကလျှင် (၁၇)သိန်းမှ (၃၀)သိန်းကြား ရရှိနိုင်သော ကြောင့် မိသားစုဝင်ငွေတိုးပွားပြီး အဆင်ပြေသည့်အတွက် တောင်သူများအနေဖြင့် ဖူးစားပြောင်းကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

      နောင်ချိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် မိုးရာသီ စိုက်ပျိုးရာသီတွင် ဧကစုစုပေါင်း( ၇၆၉၆)ဧက ကျော်စိုက်ပျိုးကြောင်း ဖူးစားပြောင်း တစ်ဧက ပြောင်းဖူး(၁၈၆၇၇)ဖူး ထွက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် တစ်ဧကကို (၇၆၄၅)ဖူးနှုန်းထွက်ရှိကြောင်း အစေ့ထုတ်ပြောင်းသည် ဖူးစားပြောင်းထက် တစ်လနောက်ကျ၍  ရိတ်သိမ်းကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)