Main menu

ပေါက်ခေါင်းမြို့နယ်တွင် ဝါသီးနှံစတင်စိုက်ပျိုး

Powered by Drupal

   ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ယခုကဲ့သို့ မိုးလယ်ကာလ၌  ဝါသီးနှံများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရှိရပြီး ဝါမျိုးစေ့တစ်ထုတ်လျှင် ကျပ် (၅၀၀၀၀) ကျော်ခန့်ပေး၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူစိုက်ပျိုးကြခြင်းဖြစ်ကြောင်းနှင့် မျိုးမှာ “တစ်စေ့ဝါ” မျိုးဖြစ်ကြောင်းသိရပါသည်။ ဝါစေ့များကို စတင်စိုက်ပျိုးချိန်မှစ၍ ၃လခွဲ၊ ၄လကြာလျှင် စတင်ထွက်ရှိပြီး တစ်ဧကလျှင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပြီး ပုံမှန်မြေဆိုလျှင် ဝါပိဿာချိန် (၅၀၀) ခန့်ထွက်ရှိပြီး မြေကောင်း၍ သွင်းအားစုများများပိုသုံးနိုင်လျှင် ပိဿာချိန် (၈၀၀)ခန့်ထွက်ရှိနိုင်သည်ဟုသိရပါသည်။ ယခင်နှစ်တွင် တစ်ဧကလျှင် ဝါပိဿာချိန် (၈၀၀)နီးပါးခန့်ထွက်ရှိခဲ့ပြီး “ဝါ” (ကုန်ကြမ်း) တစ်ပိဿာလျှင် ကျပ် (၃၀၀၀) ခန့်ဈေးပေး၍ ဒေသတွင်း ဝါကြိတ်စက်ရုံများမှ ဝယ်ယူကြိတ်ခွဲခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)