ကိုကိုးပင်သည် တစ်ကမ္ဘာလုံးသိသည့် ဈေးကွက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ကိုကိုးသီး၏ အစေ့အဆန်များကိုအခြောက်လှန်း၍ ကြိတ်ခွဲထားသောအမှုန့်များကိုအခြေခံပြီး လိုအပ်သည့်အတိုင်း အရသာများဖြည့်စွက်၍ ချောကလက်ပြုလုပ်ကြခြင်းဖြစ်ပါသည်။
ကိုကိုးပင်များမှ ရရှိသောကိုကိုးစေ့များကို ရွေးချယ်သန့်စင်ခြင်း၊ အစေ့ခွံကိုခွာပြီး အတွင်းသားများကို ချောကလက်အနှစ်ရည်ဖြစ်သည်အထိချက်လုပ်ကြခြင်း၊ ထိုသို့ချက်လုပ်ရာမှ ကိုကိုးအခဲနှင့် ကိုကိုးအဆီတို့ကိုခွဲထုတ်ခြင်း စသည်တို့ပြုလုပ်ရပြီး ချောကလက်အနှစ်ရည်ရရှိလာလျှင် ထိုအနှစ်ရည်ထဲသို့ သကြား၊ နို့နှင့် ကိုကိုးအဆီတို့၏ ရောစပ်မှုအပေါ်မူတည်၍ အနံ့အရသာများကွဲပြားခြားနားသောချောကလက်နှင့် စားသောက်ဖွယ်မျိုးစုံတို့အတွက် ချောကလက်လုပ်ငန်းရှင်များက ကိုကိုးသီးကိုအခြေခံ၍ထုတ်လုပ်ကြပါသည်။
လက်ရှိဈေးကွက်တွင် ကိုကိုးသီးတစ်ပိဿာလျှင် (၅၀၀)ကျပ်မှ (၆၀၀)ကျပ်အထိပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်းသိရပါသည်။
DOCA(ပဲခူး)