Main menu

ပြည်မြို့၏ ရာသီစာ ဝါးယောင်းမှိုဈေးကွက်

Powered by Drupal

    ပြည်ဈေးကွက်၌ မိုးရာသီဝါတွင်းကာလတွင် ထွက်ပေါ်လေ့ရှိသောဝါးယောင်းမှိုများ ဩဂုတ်လ (တတိယပတ်) မှစ၍ ဝင်ရောက်လာမှုရှိကြောင်းသိရပါသည်။ ပြည်အနီးတဝိုက်ဒေသများဖြစ်သော မှော်ဇာ၊ ကင်ပွန်းခြုံ၊ သဇင်လှ၊ ပျဉ်းပင်ကိုင်း စသည့်ဒေသများနှင့် ပြည်မြို့အနောက်ဖက်ကမ်းရှိ ညောင်ပင်သာရွာ၊ မကျည်းစုရွာ၊ ရွှေဘုံသာရွာ စသည့်ရွာများမှ ရာသီဥတုမှာ မိုးရွာလိုက်၊ နေပူလိုက်နှင့် မှိုထွက်ရန် အကောင်းဆုံးရာသီဖြစ်နေသည့်အတွက် အဆိုပါဒေသများမှမှိုများ ဈေးကွက်သို့ဝင်ရောက်မှုရှိနေကြောင်းသိရပါသည်။

     ဝါးယောင်းမှိုကို ပြည်ဒေသတွင် အဓိကအားဖြင့် မှိုချည်တည်၍ စားသုံးကြကြောင်းသိရပြီး မှိုချဉ်ထည့်ရာတွင် မှိုကို ရေစင်အောင်ဆေးပြီး ဖန်ပုလင်း၊ မြေအိုးတို့တွင် ထည့်ပြီးနောက် ဆားအနည်းငယ်နှင့် ကောက်ညှင်းဆန်အသင့်အတင့်ထည့်ပြီး လေလုံအောင်ပိတ်ထား၍ တစ်ပတ် (၁၀)ရက်ခန့်ကြာလျှင် မှိုချဉ်ဖြစ်ကာ စားသုံးနိုင်ပြီဖြစ်သည့်အတွက် မှိုချဉ်ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ ငါးပိတို့နှင့်ဆီသတ်၍ ချက်ပြုတ်စားသောက်ကြကြောင်းသိရပါသည်။ ဝါးယောင်းမှိုကို သူ့တစ်မျိုးတည်းသော်လည်းကောင်း ကန်စွန်ရွက်နှင့်ရောကာ သတ်သတ်လွတ်ဟင်းအဖြစ်စားသုံး၍လည်းရပါသည်။ ဝါးယောင်းမှိုကို မှိုခြောက်အဖြစ် အခြောက်လှန်းပြီး ၎င်းမှိုခြောက်ကို ရေစိမ်ပြီး ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်တို့ဖြင့် သေးသေးညှပ်ကာ စားသုံးကြပါသည်။

     ပြည်ဈေးကွက်အတွင်း ရာသီစာဖြစ်သောဝါးယောင်းမှိုများမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရနေပြီး (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ဈေးကောင်းရကာ ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)