Main menu

ဆေးဖက်ဝင် ကြောင်လျှာသီး

Powered by Drupal

     ကြောင်လျှာသီးကို အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာမှာ ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုတ်စား၍သော်လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖက်အဖြစ်သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ကြော်ချက်၍သော်လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်သော အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကို များစွာအထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ဆေးဖက်ဝင်သည့်သီးနှံဖြစ်သော်လည်း ရောဂါအခံရှိသူများ၊ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူများ၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ချင့်ချိန်စားသုံးပေးသင့်ပါသည်။ ဆီးချိုရှိသူများအနေဖြင့် ဆီးချိုဆေးသောက်သုံးနေရပါက အလွန်အကျွံမစားမိဖို့ရန် သတိပြု သင့်ပါသည်။

   ပြည်ဈေးကွက်အတွင်းမှာတော့ ဇွန်လဆန်းမှစ၍ ကြောင်လျှာသီးများ စတင်ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားအချိန်တွင် တစ်တောင့်လျှင် (၇၀၀-၈၀၀)ကျပ်ဖြင့် ဈေးကောင်းရရောင်းဝယ်ကြပြီး ဩဂုတ်လအတွင်း ကြောင်လျှာသီးတစ်တောင့်လျှင် (၃၀၀-၄၀၀) ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်းသိရပါသည်။

DOCA(ပဲခူး)