Main menu

ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌသည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌသည် (၂၅-၈-၂၀၂၃) ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဘုရားကြီး ဆည်မြောင်းဝင်းအတွင်းရှိ နဝင်းခန်းမတွင် နေ့လယ်(၂:၀၀)နာရီအချိန်၌ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ပြည်ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းများ၊ သား/ငါးထုတ်လုပ်ရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် အခြေခံ စားကုန်ပစ္စည်းများဈေးနှုန်းတည်ငြိမ်ရေး၊ တိုင်းဒေသကြီးအတွင်း စားသုံးရန်လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုပမာဏညီညွတ်မျှတရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစားကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ အခြေခံစားကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့ မှုရှိစေရေးနှင့် ကုန်ဈေးနှုန်းမြှင့်တင်ခြင်း၊ ဈေးကစားခြင်းကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးကလည်း အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြပါကြောင်းနှင့် ပြည်ခရိုင်အတွင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များ၊ သား/ငါးထုတ်လုပ်ရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် (၂၉)ဦး၊ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင် (၁၅)ဦး၊ သား/ငါးထုတ်လုပ်ရောင်းချသူ (၁၉)ဦးနှင့် သဘာဝဓာတ်မြေဩဇာရောင်းချသူ (၂) ဦး၊ စုစုပေါင်း (၆၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)