Leave a message

Main menu

ပြည်ဈေးကွက်တွင် ရေးမြို့နယ်မှဝင်ရောက်လာသော ကနစိုသီးများအရောင်းအဝယ်ဖြစ်

Powered by Drupal

   ကနစိုသီးကို မြန်မာစပျစ်သီး၊ ဇော်သီး၊ ဘုံမပါသီးဟူ၍ အမျိုးမျိုးခေါ်ဆိုကြပါသည်။ အပြွတ်လိုက်/ အခိုင်လိုက်သီးပြီး အရည်ရွှမ်းသည့်အသီးဖြစ်ပါသည်။ ကနစိုသီး၏အရောင်မှာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ဆို၍ ဟူ၍ အရောင်(၃)ရောင်ရှိပါသည်။ ကနစိုသီးသည် မမှည့်သေးမီအချိန်၌ အစိမ်းရောင်ရှိ၍ မှည့်လာသောအခါတွင် ဝါလာပြီး အသီးမှာ အမြွှာပုံသဏ္ဌာန်ရှိပါသည်။ အမြွှာများအတွင်း၌ အစေ့တစ်စေ့စီပါရှိပြီး ကနစိုသီးတွင် ချိုချဉ်မျိုးနှင့် အချဉ်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ စပျစ်သီးခိုင်ကဲ့သို့ အပြွတ်လိုက်/ အခိုင်လိုက်သီးသောကြောင့် အင်္ဂလိပ်လူမျိုးများသည် မြန်မာစပျစ်သီးပင် (Burmese grape) ဟူ၍ အမည်ပေးထားကြပါသည်။

   ကနစိုသီးတွင် ဗီတာမင်စီပါဝင်သောကြောင့် အအေးမိ၊ ဖျားနာ၊ နှာစေးခြင်းများသက်သာစေပြီး အသီးတွင်ပါသော ဂလူးကို့စ်နှင့် သကြားဓာတ်ကြောင့် ခွန်အားကိုရရှိစေပါသည်။ အရေပြားကူးစက်ရောဂါများလည်းသက်သာစေပါသည်။ သင့်တင့်ရုံမျှသာစားပေးပါက ဆီး/ ဝမ်း/ လေကိုမှန်စေပါသည်။

  ပြည်ဈေးကွက်ရှိ ကနစိးသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် မွန်ပြည်နယ်၊ ရေးမြို့မှထွက်ရှိသော ကနစိုးသီးများကို ပြည်မြို့မဈေးကြီးတွင်ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

a