ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၌ ပဲခူးတိုင်းဒေကြီးဦးစီးမှူး ဦးဇေယျာဆွေက (၂၆-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် နွားမွေးမြူရေးလုပ်ကိုင်သူနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၉)ဦး၊ နို့နှင့် နိုထွက်ပစ္စည်းလုပ်ကိုင်သူ (၃)ဦး၊ စုစုပေါင်း (၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူတို့အား တွေ့ကြုံနေသည့်လုပ်ငန်းအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ဈေးကွက်အခြေအနေနှင့် ရင်းနှီးမြုပ်နှံမှုများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများတိုးချဲ့လျှင် နိုင်ငံတော်မှ သက်သာသောအတိုးနှုန်းများဖြင့် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ပြည်မြို့၊ တီတွဒ်(စံပြ)ကျေးရွာအနီးတွင် မွေးမြူရေးဇုန်ဖော်ထုတ်ရန်ရှိကြောင်း၊ မွေးမြူရေးဇုန်လုပ်ကိုင်ရာတွင် ဧက(၈၁)ဧကဖော်ထုတ်၍ မွေးမြူရေးအတွက် လုပ်ကိုင်နေသူများအနေဖြင့် တစ်ဧကလျှင် သိန်း(၁၀၀)ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူတစ်ဦးချင်းစီက ပြန်လည်ဆွေးနွေးခဲ့ရာ ယခုအချိန်တွင် နွားစာများဈေးနှုန်းမြင့်တက်နေခြင်း၊ အစာများတွင် အာဟာရဖြစ်စေမည့် အစာများမဟုတ်ဘဲ ရောနှောကာရောင်းချနေခြင်းများကိုစိစစ်ပေးစေလိုကြောင်း၊ ကျပ်သိန်း(၁၀၀)ဖြင့် ရောင်းချမည့်မြေကွက်များကိုလည်း ယခုအချိန်တွင် ဝယ်ယူနိုင်မည်မဟုတ်သေးကြောင်း၊ တိရိစ္ဆာန်အစာများသာဈေးကြီးပေး၍ ဝယ်ယူနေရသော်လည်း အစာရောများပါဝင်သဖြင့် နွားများအတွက် အာဟာရမဖြစ်၍ နို့အထွက်နှုန်းကျဆင်းသဖြင့် တွက်ချေမကိုက်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ်( ၁၆:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)