မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း ပဲတီစိမ်းနှင့် စွန်တာနီ/ပြာပဲများသည် ယခင်နှစ်ကထက် အနည်းငယ် ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းများအရ သိရသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇ မှ ၁၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်ထောင် ကျဆင်းခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၆၅၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၂၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းမှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်ထောင်ငါးရာ ကျဆင်းခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်ထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၆၀၀၊ တစ်ပိဿာလျှင် ကျပ် တစ်ရာမှ ငါးရာအထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၉၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၅၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းမှ သုံးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။
DOCA(စစ်ကိုင်း)