စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်မြို့၊ အ.ထ.က (၅)၊ အခြေခံပညာစာသင်ကျောင်း၌ စက်တင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေက စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ခရိုင်၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ (တာဝန်ခံ) ဦးစီးမှူး ဦးနိုင်လင်းထွန်းက ကျောင်းသား/ ကျောင်းသူတို့အနေဖြင့် သိရှိလိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စားသုံးသူများရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာ အချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့်ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာ ဆွေးနွေးပွဲသို့ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ၊ ဆရာမများ၊ စုစုပေါင်း (၁၆၂)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)