စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပန်းတောင်းမြို့နယ်၌ (၂၂-၈-၂၀၂၃) ရက်နေ့တွင် ငါးမျက်နှာရွာရှိ ကောင်းဟိန်းထက်စံဆီစက်၊ (၂၄-၈-၂၀၂၃) ရက်နေ့တွင် ဥသျှစ်ပင်မြို့ရှိ ဘရဏီစက်သုံးဆီဆိုင်၊ (၂၈-၈-၂၀၂၃) ရက်နေ့တွင် လဲရွာရှိ Kyaw San စက်သုံးဆီဆိုင်နှင့် (၂၉-၈-၂၀၂၃) ရက်နေ့တွင် ဥသျှစ်ပင်ရှိ ရွှေမဥ္ဇူဆီစက်တို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၂၂-၈-၂၀၂၃) ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်ရှိ ဦးမင်းနောင်ချိုဆီစက်သို့လည်းကောင်း၊ ပြည်မြို့နယ်၌ (၂၈-၈-၂၀၂၃) ရက်နေ့တွင် အမှတ် (၂)၊ ကျောင်းကြီးအိုးတန်းလမ်းရှိ ဦးသန်းမြင့်ဆီရောင်းဝယ်ရေးလုပ်ငန်းနှင့် (၄-၉-၂၀၂၃) ရက်နေ့တွင် ဆုတောင်းပြည့်ဘုရားလမ်းရှိ ဦးစောထိုက်ဆီရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)