Main menu

ပြည်ခရိုင်အတွင်း အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသောအသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၂၃-၈-၂၀၂၃) ရက်နေ့တွင် ပြည်မြို့၊ မြို့မဈေးရှိ အသင့်စားခေါက်ဆွဲခြောက်အရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်၌ (၁၆-၈-၂၀၂၃) ရက်နေ့တွင် ကြာနီကန်ရပ်ကွက်ရှိ အာဟာရဖြည့်စွက်စာရောင်းချသည့်ဆိုင်များနှင့် (၂၂--၈-၂၀၂၃) ရက်နေ့တွင် ရွှေတောင်၊ မြို့မဈေးရှိ အသင့်စားခေါက်ဆွဲခြောက်အရောင်းဆိုင်သို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၈-၈-၂၀၂၃) ရက်နေ့တွင် ပေါက်ခေါင်းမြို့မဈေးရှိ အသင့်စားခေါက်ဆွဲခြောက်အရောင်းဆိုင်များနှင့် (၄-၉-၂၀၂၃) ရက်နေ့တွင် မြို့ပေါ်ဆေးဆိုင်နှင့် စတိုးဆိုင်များရှိ အာဟာရဖြည့်စွက်စာရောင်းချသည့် ဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ဝန်ထမ်းများသည် ကွင်းဆင်းဆောင်ရွက်၍ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် အထက်ဖော်ပြပါနေရာများတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များပြည့်စုံမှန်ကန်စွာရှိသော ကုန်စည်များကိုရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပြည်ခရိုင်အတွင်း ဈေးကွက်များတွင် ရောင်းချနေသောအသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အရ အသင့်စားခေါက်ဆွဲခြောက်များတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည့်အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးကြိုတင်သတိပေးချက် စသည့်အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)